Wednesday, August 15, 2007

မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်အသစ် စစ်တကောင်းတွင် ခန့်အပ်

8/15/2007

ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်းမြို့တွင် ထားရှိမည့် မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန် တဦးကို မြန်မာအစိုးရက ယမန်နေ့ ခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။

ခန့်အပ်ခြင်းခံရသူမှာ စစ်တကောင်းမြို့ အာဂရာဘတ် ဟော်တည်မှ ဒါရိုက်တာ အိပ်ခ်ျ အမ်း ဟာကိန်း အာလီ ဖြစ်ပြီး မြန်မာနိုင်ငံမှ နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ တိုက်ရိုက် လက်မှတ်ရေးထိုး ခန့်အပ်ခြင်း ဖြစ်သည်။

အဆိုခန့်အပ်မှုအခန်းအနားအား ယမန်နေ့က ဒက္ကားမြို့ရှိ မြန်မာသံရုံးတွင် ကျင်းပခဲ့ပြီး မြန်မာ့ သံအမတ် ဦးဥာဏ်လင်းက ကောင်စစ်ဝန် ခန့်အပ်လွှာအား မစ္စတာ ဟာကိန်းအာလီထံသို့ ပေးအပ်ခဲ့သည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ စီးပွားရေး သမားများက ဘင်္ဂလာဒေခ်ျ့နိုင်ငံ၏ ဒုတိယ မြို့တော် စစ်တကောင်း၌ မြန်မာနိုင်ငံနှင့် စီးပွားရေးမြှင့်တင်ရန်အတွက် မြန်မာ့ ကောင်စစ်ဝန်ရုံး တခု အထူးလိုအပ်နေရာ ထိုလိုအပ်ချက်ကို မြန်မာစစ်အစိုးရက ဖြည့်ဆည်းပေး ခြင်းဖြစ်သည်။

အဆိုပါ ကောင်စစ်ဝန်ခန့်အပ်ရန် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးကျော်သူ လွန်ခဲ့သောလက ဘင်္ဂလာဒေခ်ျသို့ လာရောက်လည်ပတ်စဉ် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

No comments: